ဘွဲ့အပ်နှံပေးတော်မူခဲ့ကြသည့် ဆရာတော်ကြီး ၃ ပါး

ထေရုပ္ပတ္တိအကျဉ်း

အရှင်ပညာသိရီသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ (၅ )ရပ်ကွက်နေ ခမည်းတော် (ဦးမောင်မြင့်) + မယ်တော် ဒေါ်ခင်ရဲလွင်တို့မှ ၁၃၄၆ ခုနှစ်၊ ဝါခေါင်လဆုတ် ၁၂ ရက်၊ ကြာသပတေးနေ့ နံနက် ၆ နာရီတွင် ဖွားမြင်သည်။ မွေးချင်း ၆ ယောက်အနက် အငယ်ဆုံး သားရတနာဖြစ်ပြီး ငယ်အမည်မှာ ဘိုဘို (ခေါ်) ဘိုမြင့်လွင် ဖြစ်သည်။ ညောင်လေးပင်မြို့၊ အစိုးရမူလတန်းကျောင်းနှင့် ပါဠိသိပ္ပံ ဘ/က ကျောင်းတို့တွင် အတန်းပညာအောင်မြင်ပြီးနောက် ကိုးနှစ်သားအရွယ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကုသိနာရုံပါဠိသိပ္ပံဆရာတော် ဘဒ္ဒန္တတေဇိန္ဒမဟာထေရ်မြတ်ကို ဉပေဇ္ဈာယ်ပြု မယ်တော် ဒေါ်ခင်ရဲလွင်၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။
သာသနာတော်နှစ် ၂၅၄၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၆၅ ခု၊ တန်ခူးလဆုတ် ၈ ရက်၊ သောကြာနေ့တွင် ကုသိနာရုံပါဠိသိပ္ပံဆရာတော်ကြီးကိုပင် ဉပေဇ္ဈာယ်ပြု၍ ညောင်လေးပင်မြို့နယ်၊ မုက္ခမူရွာနေ ဦးမင်းသိန်း + (ဒေါ်သန်းအေး) တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
အရှင်ပညာသိရီသည် ရှင်သာမဏေဘဝဖြင့် မူလဉပေဇ္ဈာယ်ဆရာသမားထံ၌ပင် ပရိယတ္တိအခြေခံစာပေများကို လေ့လာဆည်းပူးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဟင်္သာသီရိမန္တစံကျောင်း စာသင်တိုက်၊ ရွှေဟင်္သာမဟာဗောဓိစာသင်တိုက်၊ တောင်ဥက္ကလာပမြို့နယ်၊ အောင်ပင်လယ်စာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန်ကျည်းတောရွှေကျောင်း စာသင်တိုက်တို့တွင် အစိုးရမူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းတို့ကို အောင်မြင်တော်မူခဲ့ပြီးနောက် မော်လမြိုင်မြို့၊ ကောလှပ်ဓမ္မာစရိယတက္ကသိုလ်တွင် ဓမ္မာစရိယတန်းစာဝါများကို လေ့လာဆည်းပူးခဲ့ပါသည်။ ထို့နောက် ၂၀၀၅ ခုနှစ်၊ ရန်ကုန်သီတဂူဗုဒ္ဓတက္ကသိုလ် စာမေးပွဲ နှုတ်/ရေး ၂ ခုလုံး ဝင်ခွင့်အောင်မြင်သဖြင့် ၂၀၀၆ မှ ၂၀၁၅ အထိ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာကျောင်းတိုက်၌၎င်း၊ ၂၀၁၅ မှ ၂၀၁၇ အထိ အမှတ် ၅ ဝိုင်း၊ ဝေဇယန္တာကျောင်းတိုက်၌၎င်း သီတင်းသုံးတော်လျက် သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် တက်ရောက် ပညာဆည်းပူးခဲ့သည်။ ထိုတက္ကသိုလ်မှ Diploma, B.A တို့ကို အောင်မြင်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်မှ ဆက်ကပ်တော်မူသော "သာသနဓဇဓမ္မာစရိယ" ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူပါသည်။
၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် အတွင်းနေအဖြစ် သီတင်းသုံး စာဝါလိုက်လျက် ၂၀၁၉ ခုနှစ်တွင် "ဗုဒ္ဓဒေသနာ မဟာဝိဇ္ဇာ(M.A)ဘွဲ့ကို ပထမဂုဏ်ထူးဖြင့် အောင်မြင်တော်မူခဲ့သည်။ ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် ရန်ကုန်၊ မြင်သာမြို့ဦးကျောင်းတိုက်တွင် ပြန်သီတင်းသုံးတော်မူလျက် ၂၀၂၀ ခုနှစ်တွင် ပဲခူးမြို့၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်တွင် နှုတ်ဖြေ(အတွင်းနေ)ဝင်ခွင့်အောင်မြင်တော်မူ၍ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်တွင် Ph.D ကျောင်းသားအဖြစ် သီတင်းသုံးတော်မူကာ ကျမ်းပြုစုလျက် ရှိပါသည်။ ၂၀၂၂ ခုနှစ် Master of Philosophy(M.Phil.) ကို အောင်မြင်တော်မူပြီးနောက် Ph.D(ပါရဂူ) ဘွဲ့အတွက် ဆက်လက်ကျမ်းပြုစာတမ်းရေးသားလျက်ရှိပါသည်။ ယခုအခါ အရှင်ပညာသိရီသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ ၁ ရပ်ကွက်၊ ဘုရားကြီးလမ်း၊ ကုသိနာရုံ ပါဠိသိပ္ပံကျောင်းတိုက်တွင် ပြန်လည်သီတင်းသုံးတော်မူလျက် ဒေါက်တာဘွဲ့ကျမ်းစာကို ဆက်လက်ရေးသားပြုစုလျက်ရှိပါသည်။

ဘွဲ့တံဆိပ်နှင့်အောင်လက်မှတ်များ

၂၀.၆.၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ ပညာရေးအဖွဲ့မှ ကြီးမှူးကျင်းပသော "M.S.L.(USA)" အောင်လက်မှတ်ကိုလည်းကောင်း၊
၈.၅.၂၀၀၉ ခုနှစ်တွင် လယ်တီဝိပဿနာအဖွဲ့ချုပ်ကြီးမှ ကြီးမှူးဖွင့်လှစ်သော "ကမ္မဋ္ဌာနာစရိယ" လက်မှတ်ကိုလည်းကောင်း၊
၁၂.၁၀.၂၀၀၉ ခုနှစ်တွင် "RWCT(Edu)" လက်မှတ်ကိုလည်းကောင်း၊
၃.၆.၂၀၁၁ ခုႏွစ်တွင် အမေရိကန်သံရုံးမှ ကျင်းပသော စာကြည့်တိုက်ပညာရပ် "Lib.Edu(USA)" အောင်လက်မှတ်ကိုလည်းကောင်း၊
၂၀.၆.၂၀၁၁ ခုနှစ်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၊ "Diploma (Buddha -Dhamma)" ဘွဲ့အောင်လက်မှတ်ကိုလည်းကောင်း၊
၁၅.၃.၂၀၁၇ ခုနှစ်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၊ "B.A.(Buddhadesana)"ဘွဲ့အောင်လက်မှတ်ကိုလည်းကောင်း၊
၂၀.၆.၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်သော "သာသနဓဇဓမ္မာစရိယ" ဘွဲ့အောင်လက်မှတ်ကိုလည်းကောင်း၊
၂၆.၆.၂၀၁၉ ခုနှစ်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၊"M.A.(မဟာဝိဇ္ဇာ)" ဘွဲ့အောင်လက်မှတ်ကိုလည်းကောင်း၊
၂၀၂၀ - ၂၀၂၂ ခုနှစ်တွင် Network Technological Programming Language ဆိုင်ရာ အောင်လက်မှတ်များကိုလည်းကောင်း၊
၂၈.၂.၂၀၂၄ ခုနှစ်တွင် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်၊ ပဲခူး "M.Phil(Master of Philosophy)"ဘွဲ့ကိုလည်းကောင်း အသီးသီး အောင်မြင်တော်မူခဲ့ပါသည်။

Contact

Phone: 09948011000

Email: upannasiri@hotmail.com

Website:www.upanna.com

Address: Kusinaron Palisippam Monastery, Myo Ma .1, Phayargyi street, Nyaunglebin, Bago Division